ဟုတ်ကဲ့ ခင်ဗျားပြောသလို ကျွန်တော်က စစ်ခွေး သူခိုးဒမြပါ :3



သြော်... အေးပါကွာ မင်းပြောမှပဲ သပိတ်မှောက်ဆန္ဒပြကျောင်းသားတွေကို
မထောက်ခံသူတွေက စစ်ခွေးတွေ သူခိုးဒမြတွေ ဖြစ်သွားရတယ်လို့ 
မင်းက ထမင်းစားပြီး ချီးပဲဖြစ်သွားတဲ့ ဦးဏှောက်မရှိတဲ့ကောင်မို့  အဲ့ဒါမျိုးတွေ
မြင်နေပြောနေတာပါ မင်းကိုပြောလိုက်ဦးမယ် ငါက စစ်သားလဲမဟုတ်ဘူး
ရဲလဲမဟုတ်ဘူး  ငါ့မိသားစု ငါ့အသိုင်းအ၀န်း ထဲမှာလဲ စစ်သားလဲမရှိဘူး
ရဲလဲမရှိဘူး နောက်ပြီးတော့ ပြောလိုက်ဦးမယ် ငါကအစိုးရ၀န်ထမ်းလဲမဟုတ်ဘူး
ပြည်သူတွေထဲကပြည်သူတစ်ယောက်ပဲ အဲ့ဒါကိုမင်းသိထားဖို့ လိုတယ်။

ဒါပေမယ့် အဲ့ဒီကျောင်းသားသပိတ်ကိုဆန့် ကျင်တယ် ကန့် ကွက်တယ်
ဆိုတာ ဘာကြောင့်လဲ စဉ်းစားတတ်သူတိုင်း ဦးဏှောက်ရှိသူတိုင်းသိတယ်
မင်းတို့ တွေပဲ ဦးဏှောက်မရှိဖြစ်နေကြတာ မင်းတို့ မြင်နေတာ သိနေတာ
အပေါ်ယံလေးပဲ ရှိတယ် မြင်သလောက် သိသလောက်လေးနဲ့ သိလှပီ
တတ်လှပီ ထင်နေရင် မင်းတို့ တွေ ၀ါးလုံးခေါင်းထဲမှာလသာနေတာမို့ ပဲ။

ဒီသပိတ်စတင်မှုက ဘာကြောင့်လဲ ဆိုတာ မင်းလဲအသိ ငါလဲအသိ
တစ်တိုင်းတစ်ပြည်လုံးအသိပဲ အကြောင်းရင်းက အမျိုးသားပညာရေး
ဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ ပြတဲ့ ဆန္ဒပြပွဲ  ဟုတ်ပြီး အဲ့ဒါဆိုပန်းတိုင်က
ဘာလဲဆိုတာသိနေပြီပဲ ကျောင်းသားတွေဆန္ဒပြလို့  တာဝန်ရှိသူတွေက
ညှိနှိုင်းဆွေးနွေး ပြီး ဒီပညာရေးဥပဒေကို ပြင်ပေးမယ်လို့ ပြောထားပြီးသား
ဒါကို ဘာလို့ ဆန္ဒတွေ ဆက်ပြနေရသေးလဲ မင်းတို့ တွေ ရပ်သင့်နေပြီပဲ
မဟုတ်ဘူလား ဘာလို့ မရပ်ပဲ ဆန္ဒတွေဆက်ပြနေကြသေးလဲ။

မင်းတို့ တွေပြောကြတယ်နော်  ကျောင်းသားထုကြီးနဲ့ ပြည်သူတွေ
ဆန္ဒတစ်ထပ်ထဲကျလို့  ကျောင်းသားသပိတ်ကြီးကို တစ်တိုင်းပြည်လုံး
တစ်ခဲနက် ထောက်ခံအားပေးနေတယ်ဆိုပြီး  အင်း... ငါ့အမြင်တော့
ထောက်ခံသူနဲ့ ကန့် ကွက်သူ  ဘယ်သူပိုသာသလဲဆိုရင် ကန့် ကွက်သူက
ပိုပြီးတော့ သာနေခဲ့သလိုပဲ ဒီမှာတင်မင်းတို့ တွေမှားနေပြီဆိုတာ
သိသင့်ပြီ မင်းတို့ တွေနဲ့ အတူ ပြည်သူတစ်ရပ်လုံး အတူရှိမနေဘူး
မင်းတို့ လုပ်ရပ်တွေကို အားမပေးဘူးဆိုတာ သိသင့်နေပြီ။

ဦးဏှောက်ရှိတဲ့သူတိုင်း မင်းတို့ ဆန္ဒပြနေတာတွေကိုအားမပေးကြဘူး
နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလည်းဆိုတာ ဦးဏှောက်
ရှိသူတိုင်းကြိုတွေးထားခဲ့ကြပြီးပြီ ဒါကြောင့်မင်းတို့ တွေကို
ရှေ့ ဆက်ပြီး မိုက်တွင်းမနက်စေချင်ကြတော့ဘူး မင်းတို့ လိုချင်တဲ့
Target က အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ ပဲမလား
တစ်ဖက်က ပြင်ဆင်ဖို့  ကတိပေးပြီးသွားပြီပဲ ချက်ချင်း ဟတ်ချလောင်း
ဆိုပြီး ပြင်ပေးလိုက်လို့ ရတာမဟုတ်ဘူး အဆင့်ဆင့်လုပ်ဆောင်ပြီး
ပြင်ဆင်မှရမှာ ဒါကိုနားလည်နိုင်ကြဖို့ ပဲလိုတာ။

အမှန်အတိုင်းပြောရရင် မြန်မာပြည်ပညာရေး စနစ်က နိမ့်ကျနေတာလား
အမျိုးသား ပညာရေးဥပဒေကပဲ အစီအစဉ်မကျတာလား ဒါမှမဟုတ်
ကျောင်းသားတွေရဲ့ ပညာသင်ယူလိုတဲ့စိတ်တွေကပဲ နိမ့်ကျနေတာလား
ကျောင်းသားတွေရဲ့ ပညာယူပုံယူနည်းတွေက အစီအစဉ်မကျတာပဲလား
ဆိုတာ ခု ဆန္ဒပြနေတဲ့ ကျောင်းသားထုတွေအားလုံးပြန်ပြီးတော့
စဉ်းစားဆင်ခြင် သုံးသပ်သင့်တယ်လို့ ထင်တယ်။

မြန်မာပြည်ပညာရေးက အမှန်တစ်ကယ်မှာ မနိမ့်ကျပါဘူး ပညာသင်ယူတဲ့
ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးအပေါ်မှာထားတဲ့ စိတ်ဓာတ်
ပညာကိုသင်ယူတဲ့ပုံစံတွေမှားယွင်းနေတာကြောင့်ပဲ ပညာရေးက နိမ့်ကျတယ်
ဆိုပြီး ဖြစ်နေရတာပါ ဟုတ်ပြီဗျာ ခုချက်ချင်းလက်ငင်း အမျိုးသားပညာရေးဥပဒေ
ကို ပြင်ပေးလိုက်ပီပဲထားပါတော့ ကျောင်းသားတွေ ပိုတော်ပြီး ပိုတတ်လာကြမယ်
လို့ များထင်နေတာလား အဲ့ဒါဆိုရင်တော့ အမှားကြီးမှားသွားလိမ့်မယ်
ပညာရေးကို စိတ်ပါဝင်စားစွာ သင်ယူလိုစိတ်မရှိတဲ့သူတွေ တက္ကသိုလ်တက်နေတာကို
အပျော်ကျောင်းတက်နေတယ် ထင်သူတွေ  အားတိုင်း ကျောင်းပညာရေးထက်
အပျော်အပါးဘက်ကိုပဲ ပိုပြီးအလေးထားလိုက်စားနေသူတွေအတွက်ကတော့
ပညာရေးဥပဒေကို ဘယ်လိုပဲပြင်ပြင် ဘယ်လောက်ပဲပြင်ပြင် ဒီပုံစံ ဒီပုံစံပဲ
ဖြစ်နေဦးမှာအမှန်ပဲ။

ဒီတော့ ပြောင်းလဲချင်ရင် ကိုယ်ကိုယ်တိုင်ပြောင်းလဲမှပဲ ရမယ်
ပညာရေးဘက်မှာအမှန်တစ်ကယ် ထူးချွန်ချင်တယ်
ထက်မြက်ချင်တယ် အရမ်းတော်နေ တတ်နေသူ
ဖြစ်ချင်တယ်ဆိုရင်တော့ ကိုင်တိုင်ကြိုးစားလုပ်ယူမှပဲ ရမယ်
 အီးယောင်ဝါး ကျောင်းသား အနေနဲ့ ပဲ စိတ်ဓာတ်ကနေချင်တယ်ဆိုရင်
အမျိုးသား ပညာရေး ဥပဒေကို ကြုက်သလိုပြင် ကြိုက်သလောက်ပြင်
ဘယ်တော့မှ ထူးချွန်ထက်မြက်တဲ့သူတွေဖြစ်လာမှာမဟုတ်ဘူး။

နောက်ဆုံးကုန်ကုန်ပဲပြောတော့မယ် လောကမှာ တစ်ခုရှိတယ်
အဲ့ဒါက "အသိလွယ် အကျင့်ခက်" ဆိုတာပဲ သိတော့သိတယ်
လိုက်တော့မကျင့်နိုင်ဘူးဆိုတာမျိုးက ကိုယ် ကိုယ်တိုင်က ကြိုးစား
အားထုတ်လိုစိတ်မရှိလို့ ပဲ အမှန်တစ်ကယ် အသိလွယ်အကျင့်ခက်ဆိုတဲ့
စကားကို ချေဖျက်နိုင်ခဲ့မယ်ဆိုရင် တော်တဲ့ တတ်တဲ့ ထက်မြက်တဲ့
လူတော်တွေ အများကြီးထွက်ပေါ်လာပါလိမ့်မယ် ကိုယ်တိုင်ကသိနေပြီပဲ
သိတဲ့အတိုင်းလိုက်ကျင့်ဖို့ သာ ကိုယ့်တာဝန် ကျင့်ဖြစ်အောင်ကျင့်ဖို့ တော့လိုတယ်။

ဒါကြောင့်မို့  မြန်မာပြည်ပညာရေးက မနိမ့်ကျပါဘူး
ပညာသင်နေတဲ့ ကျောင်းသူ/ကျောင်းသား တွေရဲ့  စိတ်ဓာတ်တွေ
လုပ်ရပ်တွေကသာ နိမ့်ကျနေလို့  ဒီပညာရေးကို အပြစ်မြင်နေကြတာပါ
ဒီတော့ ပညာရေးစနစ်နဲ့  ပညာရေးဥပဒေကို အပြစ်မြင်နေမယ့်အစား
 ကျောင်းသူ/ကျောင်းသားတွေအနေနဲ့   ကိုယ့်အပြစ်ကိုပဲ ကိုယ်မြင်ပြီး
ပြင်ကြဖို့ သာလိုပါတယ်။

အင်း... လက်ရှိ ကျွန်တော်ကတော့  သူပြောသလိုပဲ စစ်ခွေးသူခိုးဒမြ ပါ  :3

Aung Kyaw Soe ( 5:55 PM - 3.3.2015 )
22 Apr 2015

 
This website was built using N.nu - try it yourself for free.(info & kontakt)